ကျွန်တော့်အကြောင်း

ငယ်ငယ်တုန်းက စာဖတ်တာကို အရမ်းဝါသနာ ပါခဲ့ပါတယ်။ နောက် ပန်းချီဆွဲတာပေါ့နော်။ စာဖတ်တာ ၀ါသနာပါသလို ကိုယ်ကြိုက်တဲ့ စာအုပ်လေးတွေ တွေ့  ရင်လည်း သိမ်းထား တတ်ခဲ့တယ်။ တဖြေးဖြေး ကြီးလာတော့ စာဖတ်ဝါသနာ ပိုလာခဲ့သလိုပဲ စာပေတွေကိုလည်း သူ့ လိုင်းနဲ့  သူ ခွဲပြီး ဖတ်တတ် လာတယ်။ ဒီလို ၀ါသနာ ပါတာတွေဟာ ဖေဖေ့ရဲ့ အမွေတွေပါပဲ။ ဖေဖေက သာမန် ဘွဲ့ ရပညာတတ် တစ်ဦးဖြစ်ခဲ့ပေမဲ့ ကျွန်တော်တို့  မောင်နှစ်မတွေ အပေါ်မှာ စာပေနဲ့  ရင်နှီးမှု ရှိအောင် ငယ်ငယ်ကတိုင် လေ့ကျင့်ပေးခဲ့တယ်။

ဒီလိုနဲ့  စာအုပ်တွေ ဖတ်ရင်း ကြိုက်တာလေးတွေ တွေ့ ရင် ၀ယ်စုရင်းနဲ့  ကျွန်တော့် အခန်းလေးမှာ စာအုပ်တွေ တော်တော် များလာခဲ့ပါတယ်။ နောက်ပိုင်း အိမ်မှာ ကိုယ်ပိုင် စာကြည့်တိုက်လေး ၁ ခု လုပ်ဖြစ်ခဲ့တဲ့အထိ ပါပဲ။ အခု အမိမြေနဲ့  ခွဲခွာလာရတော့ အိမ်က စာကြည့်တိုက်လေးကို လွမ်းတယ်။ စာအုပ်တွေကို သတိရတယ်။ ဒါနဲ့  Online မှာ စာအုပ်နဲ့ ပါတ်သတ် တာတွေ ရှာရင်းနဲ့  ကွန်ပျူတာ နဲ့ ဖတ်လို့ ရတဲ့ E-book လေးတွေ ရလာတော့ ၀ါသနာအရ ဖတ်လိုက်
သိမ်းထားလိုက်နဲ့  ကျွန်တော့ ကွန်ပျူတာ HD လေးထဲမှာ စာအုပ်တွေ အများဆုံး နေရာ ၀င်ယူခဲ့ပါတယ်။

အဲ့လိုနဲ့  အွန်လိုင်းမှာ ဘယ်လို ဝေမျှရင် ကောင်းမလဲဆိုတာ စဉ်းစားရင်း ကိုယ်ပိုင် Website လေး တစ်ခုလောက် လုပ်ပြီး စာအုပ်တွေ ဖြန့် ဝေရင် ကောင်းမယ်လို့  စဉ်းစားမိလာတယ်။ ဒီလိုနဲ့  Web ပိုင်းဆိုင်ရာတွေ လေ့လာဖြစ်ခဲ့တယ်။ ကွန်ပျူတာဆိုတာ ဒီနိုင်ငံရောက်မှ ကိုင်ခဲ့ဖူးတဲ့ ကျွန်တော် Web ပိုင်းဆိုင်ရာ နည်းပညာ လေး မတောက် တခေါက်နဲ့  ကိုယ်ပိုင် Blog လေးတစ်ခု လုပ်ဖြစ်ခဲ့ပါတယ်။ အဲဒါပေမဲ့ မြန်မာ နိုင်ငံကနေ Blog တွေ ဖွင့်မရဘူးဆိုတော့ ……။ နောက်ထပ် ရနိုင်မဲ့ နည်းတွေ ရှာရတာပေါ့ဗျာ။ ကိုယ်အဓိက Share လုပ်ချင်တာက ကိုယ့် မြန်မာလူမျိုးတွေကိုလေ။

အဲ့လို လုပ်မယ်ဆိုတော့ Hosting တို့ Domain တို့ ဆိုတဲ့ စာလုံးတွေ နဲ့ရင်နှီးခဲ့ပါတယ်။ အဲ့ဒါတွေကလည်း ပိုက်ဆံနဲ့   ၀ယ်ရတာ ဆိုတော့ Free ရနိုင်မဲ့ နေရာ ရှာရင်းနဲ့ http://byethost.com/ ဆိုတာလေးကို တွေ့  ပါတယ်။ အဲ့ဒီမှာပဲ Free Domain လေးနဲ့  စကားဝါမြေ ရဲ့ အုတ်မြစ်လေး http://sagarwarmyae.22web.net/ (ဒီဆိုဒ်လေးကို စတင်ခဲ့ရာမှာ အကိုဝင်းမြင့် http://thitsartayar.dhammathukha.com/ နဲ့  The Grade http://mmcybermedia.com/ တို့ ရဲ့ ကူညီမှုတွေ အများကြီး ရယူခဲ့ပါတယ်ခင်ဗျာ။ အကိုတို့  ကို လည်းဒီနေရာကနေ ကျေးဇူးတင်ကြောင်း ပြောပါရစေ။) ကို စတင်ခဲ့မိပါတယ်။

ဒါပေမဲ့ ဆိုဒ်တစ်ခုကို ဖွင့်ရတာအချိန်တော်တော်လေး ကြာပါတယ်။ လုပ်သာလုပ်နေရပေမဲ့ ဘယ်လိုမှ အားမရခဲ့ပါဘူးခင်ဗျာ။ ဒါနဲ့  WordPress ဆိုဒ်တွေကို Free Host ပေးနေတဲ့ Myanmar Genius ရဲ့ အစီအစဉ် လေးကို သဘောကျတာနဲ့ အဲ့ဒီနေရာလေးမှာ http://lover.mmgenius.com/ ကို တည်ဆောက်ပြီး အင်ဂျင်နီယာနဲ့  ပါတ်သတ်တဲ့ Ebook တွေ ဆေးပညာနဲ့  ဆိုင်တဲ့ Eboook တွေကို မျှဝေဖြစ်ခဲ့ပါတယ်။ အဲ့ဒီဆိုဒ်ကို http://www.blackdream21.com/ ကိုဘလက်တို့  ဦးဆောင်ပြီး လုပ်ခဲ့တာပါ။ မြန်မာလူမျိုး အချင်ချင်း အခုလို ငွေကုန်ကြေးကျ ခံကာ နည်ပညာတိုးတက်အောင် ကူညီတဲ့ MMGENIUS အဖွဲ့ လေးကြောင့် http://lover.mmgenius.com/ဆိုတာလေး ပေါ်ပေါက် လာခဲ့ပြီး လူသိများ ခဲ့ပါတယ်။

နည်းပညာစာအုပ်တွေ Share လုပ်ပြီးတဲ့အခါ မြန်မာ စာအုပ်တွေကိုထပ်ပြီးမျှဝေချင်တာ နဲ့  အခု ဆိုဒ်ကို စတင်ခဲ့တာပါ ခင်ဗျာ။ အခု ဒီဆိုဒ်လေးမှာ ကျွန်တော်လက်လှမ်းမှီသလောက် စာအုပ်တွေ ကိုတင် ပေးသွားပါမယ် ခင်ဗျာ။

စာအုပ်တွေကို Free Host မှာပဲ တင်ထားတဲ့ အတွက်ကြောင့် Download Link ပျက်တာတွေ အချိန်မရွေး ရှိနိုင်ပါတယ် ခင်ဗျာ။ အဲ့ဒါ ကိုတော့ နားလည်ပေးနိုင်မယ်ထင်ပါတယ်ခင်ဗျာ။ နောက်ပိုင်း ကျွန်တော် Hosting တစ်ခုကိုယ်ပိုင်ဝယ်ယူပြီး စာအုပ်တွေ မပျောက်ပျက်အောင် ဆက်လက် လုပ်ဆောင်ပေးနိုင် လိမ့်မယ်လို့  မျှော်လင့်ပါတယ်။

ယခုစာအုပ်များကို Mediafire နဲ့  sagarwarmyae.multiply မှာတင်ပြီး Share ပြန်လုပ်ပါတယ်ခင်ဗျာ။ စာအုပ်များ ဒေါင်းလုပ် လုပ်၍ အဆင်မပြေတာ၊ နောက် လင့်တွေ အလုပ်မလုပ်တော့တာတွေ ရှိရင် ကျေးဇူးပြု၍ admin@sagarwarmyae.net သို့  မေးလ်ပို့ ၍ဖြစ်စေ Gtalk မှ add ၍ဖြစ်စေ ပြောကြားပေးစေလိုပါတယ် ခင်ဗျာ။

ကျွန်တော့် ဆိုဒ့်မှာတင်ထားတဲ့ စာအုပ်တော်တော်များများကို အောက်ပါ ဆိုဒ်များမှ ရယူထားပါတယ် ခင်ဗျာ။ ထို Website များမှ အသင်းဝင်များ စာအုပ်တင်ပေးသူ စာပေချစ်မြတ်နိုးသော မိတ်ဆွေ သူငယ်ချင်းများကို ဒီနေရာကနေ ကျေးဇူးတင် စကားပြောပါရစေ ခင်ဗျာ။ ကျွန်တော့်အနေနဲ့  အခုလို Share လုပ်နိုင်တာ သူတို့ တွေ ရဲ့ကျေးဇူး ပါခင်ဗျာ။ အားလုံးကို ခင်မင်လေးစားလျက်…..

စာအုပ်များကို ဒီနေရာများမှ ရယူ စုဆောင်းထားပါတယ် ခင်ဗျာ။

၁။ လင်းထက်ဖိုရမ် http://www.linhtet.com/

၂။ ချယ်ရီသစ္စာ http://cherrythitsar.org/

၃။ မြန်မာကျူးပစ် http://mmcpcommunity.net/

၎။ မြန်မာဆိုက်ဘာ http://mmcybermedia.com/

၅။ ၀ိညာဉ်သစ်စာအုပ်စင် http://wntbookshelf.com/

၆။ BURMESE CLASSIC ဖတ်စရာမှတ်စရာ အစီအစဉ်

စသည်တို့ နှင့် လက်လှမ်းမှီရာ တွေ့ ရှိသမျှထဲမှ ရယူစုဆောင်း ထားခြင်းဖြစ်ပါတယ် ခင်ဗျာ။
ကျေးဇူးတင်ထိုက်သော မိတ်ဆွေ/သူငယ်ချင်း အားလုံးအား ကျေးဇူးတင်လျက်………………..

စကားဝါမြေ

  1. May 6, 2010 at 4:53 pm

    အေးအေးဆေးဆေးမှ လာဖတ်ပါဦးမယ် …

  2. thu yein
    May 8, 2010 at 11:55 am

    စိတ်ကူးလေးက အရမ်းချီးကျူးဖို့ ကောင်းပါတယ်။ အထူးသဖြင့် အမိမြေနဲ့ ဝေးနေရတဲ့ ကျနော်တို့ အတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ ရတနာသိုက် တစ်ခုပဲလို့ ခံစားရပါတယ်။ ကျေးဇူးလဲ အရမ်းတင်ပါတယ်။

  3. May 12, 2010 at 6:32 pm

    အခုလိုလုပ်ပေးထားတဲ့အတွက်အရမ်းကိုကျေးဇူးတင်ပါတယ်။
    အောင်မြန်ရေးပန်းတိုင်ကိုအလွယ်တကူဆွတ်ခူးနိုင်ကြပါစေကွယ်။

  4. May 12, 2010 at 6:38 pm

    ကျေးဇူးပါပဲ။အောင်မြင်နိုင်ကြပါစေ………လို့ ဆုတောင်းပေးလျှက်ပါ။

  5. ရွှေဓနု
    May 31, 2010 at 9:07 am

    Thank you so much.
    May you enjoy both mental and bodily well being.

  6. KoPhyo
    May 31, 2010 at 7:59 pm

    အရမ်းကျေးဇူးတင်ပါတယ်ခင်မျာ..ဒီလိုလေးစုစုစည်းစည်းလေးလုပ်ပေနိုင်တာ..

    အများအကျိုး ရွက်သည်ပိုး တဲ့အတွက် ဒီထက်မက အောင်မြင်ပါစေ

  7. June 17, 2010 at 3:36 pm

    ကျေးဇူးတင်တယ်ဗျာ.. တကယ်ပါ..။
    လူချင်းမရင်းနှီးပေမယ့်..ဒီလို လေးစားထိုက်တဲ့ စိတ်ထားလေး နဲ့ တင် လေးစား သွား ပါတယ်..။
    ခုလို စာအုပ်တွေကို တစ်စုတစ်စည်းတည်း ရနိုင်ဖို့ ဆိုတာ ခဲယဉ်းပါတယ်..။ ကျွန်တော်တို့ လို ပြည်ပ ရောက်သူများအတွက်ပေါ့လေ..။
    ပြည်ပ ရောက်သူချင်းမို့ ခံစားချက်တူ သလို .. ၀ါသနာ တူချင်းမို့ လည်း.. ခင်မင်မိ ပါရဲ့.။

    ကျေးဇူး ပါဗျာ ..။

  8. hein win
    June 18, 2010 at 6:20 pm

    Kyay zu for the collection and the site. keep it up.all the home away burmese readers like it.

  9. ယွန်း
    June 24, 2010 at 2:35 am

    ဒီလိုကောင်းတဲ့ website လေးလုပ်ပေးတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်

  10. July 5, 2010 at 2:23 pm

    May U get the several times of Ur goodness.
    And I appreciated Ur Jobs.

  11. naing myo
    July 10, 2010 at 11:29 am

    ကျေးဇူးအထူးတင်ပါတယ်

  12. နှစ်သစ်
    July 15, 2010 at 4:06 pm

    ကျေးဇူးတင်တယ်နော်…အားပေးနေပါတယ်

  13. Oka
    July 25, 2010 at 4:41 am

    I really don’t know how to say thanks to you. I will share back your website all of my friend who love to read the books.

  14. naingoo
    July 26, 2010 at 8:25 am

    စာကြည့် တိုက်တခုအတွက်ကျေးဇူး…

  15. Jasmine White
    July 29, 2010 at 10:11 am

    Thanks a million…

  16. yu
    July 31, 2010 at 2:27 am

    ယုကလည်းစာဖတ်ဝါသနာပါတဲ့သူတစ်ယောက်ပါ ..
    ဒီဆိုဒ်လေးရှိနေလို့ ဖတ်ချင်တဲ့စာတွေဖတ်လို့ရနေတယ်လေ ..
    အရမ်းပဲ ကျေးဇူးတင်ပါတယ်နော် ..

  17. winmar
    August 31, 2010 at 12:21 am

    ခုလိုစာအုပ်လေးတွေတင်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်

  18. Show White Lay
    September 1, 2010 at 9:28 am

    စာဖတ်ဝါသနာပါသူတိုင်းအတွက် အကောင်းဆုံးwebsite လေးတစ်ခုပါပဲ။ အထူးအားဖြင့် ဘုန်းဘုန်း ဦးဇောတိက ရဲ့စာအုပ်တော်တော်များကို တင်ထားပေးတဲ့အတွက် အရမ်းကိုဝမ်းသာ ကျေနပ်မိပါတယ်။ အလှူတကာ့အလှူထဲမှာ တရားအလှူကအမြတ်ဆုံးဖြစ်တဲ့အတွက် အမြတ်ဆုံးအလှူတွေကို လှူနေတာဖြစ်တဲ့အတွက် သာဓု သာဓု သာဓု အကြိမ်ကြိမ်ခေါ်ဆိုမိပါတယ်။ တခြားစိတ်ဝင်စားစရာလေး တွေကိုတင်ထာပေးတဲ့အတွက် အရမ်းကိုအကျိုးရှိတဲ့ website လေးပါပဲ။ အထူးကိုကျေးဇူးတင်ပါတယ်။
    တော်တော် စေတနာကောင်းပြီး စိတ်ထားဖြူစင်သန့်ရှင်းတဲ့ သူလို့ခန့်မှန်းမိပါတယ်။

  19. orange
    September 10, 2010 at 9:26 am

    အရမ်းကောင်းတဲ့အစီအစဉ်လေးတစ်ခုပါ။အားပေးတယ်

  20. September 14, 2010 at 11:42 pm

    ဒီ Website ပိုင်ရှင်ဟာ မွန်မြတ်တဲ့ စိတ်ထားတွေ ရှိတယ်ဆိုတာ လုပ်ရပ်တွေက သက်သေပြနေပါသည်၊ ကောင်းမြတ်တဲ့စိတ်ထား ကောင်းမြတ်တဲ့ ရည်ရွယ်ချက်တွေ ရှိပြီး လုပ်နေတယ်ဆိုတာ ပေါ်လွင်နေပါသည်၊ ဒီ Website ပိုင်ရှင်က စာအုပ်တွေကို အပင်ပန်းခံ ရှာပေးပြီး တင်ပေးထားတဲ့အတွက် စာဖတ်သူတွေ လွယ်လွယ်ကူကူနဲ့ အသိပညာတွေ ရရပါသည်၊ အထူးဝမ်းသာကြောင်း ဖေါ်ပြလိုပါသည်၊ သာဓုတွေလည်း အကြိမ်ကြိမ် ခေါ်နေပါသည်၊

  21. nay win kyaw
    September 20, 2010 at 2:24 pm

    အကိုေ၇ ကျေးဇူးအထူးတင်ပါတယ်။
    နောင်လဲ ဒီထက်မက အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်။
    စာအုပ်တွေ ကိုတနေ၇ာထဲတွေ့ လို့  ၀မ်းသာမိပါတယ် ။

  22. Tsawm Shayi
    September 23, 2010 at 1:06 pm

    အရမ်းကျေးဇူးတင်မိပါတယ်
    ဒီထက်မက အောင်မြင်ပါစေ..

  23. phyoe soe
    September 27, 2010 at 3:14 am

    Most appreciative of your good will-say da na, and very hard work. Got many old and important books on history and Buddha Dhamma, and say Sar duu (well done) many times for your wisdom (pyin nyar) darna. Those of us who loves reading are forever grateful to you for your hard efforts to set up this site. You are doing something very important and many will benefit from your work. Thank you very much. Wish you all the best:good health, peaceful life,all successes. And may you be blessed by triple gem.

  24. ဟမ်းလော့
    September 30, 2010 at 3:26 am

    ကျွန်တော်ကတော့အမြဲအားပေးနေပြီးသားပဲ
    အခုလိုစာအုပ်စာပေတွေကို
    တနေရာတည်းမှာလွယ်လွယ်ကူကူနဲ့ ရှာဖွေဖတ်ရှုနိုင်အောင်လုပ်ပေးတဲ့
    အစ်ကို့ရဲ့စေတနာနဲ့စိတ်ကူးကိုရောလေးစားပါတယ်။
    ကျွန်တော်အရမ်းကြိုက်တဲ့ ဆရာတက္ကသိုလ်ဘုန်းနိုင်၊တာရာမင်းဝေ တို့ရဲ့စာအုပ်တွေကိုလည်း
    စုံစုံလင်လင်နဲ့ဖတ်ရှူခွင့်ရတဲ့အတွက်လည်းအတိုင်းထက်အလွန်ကျေးဇူးပါ။
    ဒီထက်မကအောင်မြင်ပါစေခင်ဗျာ။

  25. Thet Tun (Researcher)
    October 9, 2010 at 5:28 pm

    အေးအေးဆေးဆေးမှ လာဖတ်ပါဦးမယ် …ကျေးဇူးပါပဲ။အောင်မြင်နိုင်ကြပါစေ………လို့ ဆုတောင်းပေးလျှက်ပါ။

    အများအကျိုး ရွက်သည်ပိုး တဲ့အတွက် ဒီထက်မက အောင်မြင်ပါစေ

  26. Thet Tun (Researcher)
    October 9, 2010 at 5:33 pm

    ကျေးဇူးပါပဲ။အောင်မြင်နိုင်ကြပါစေ………လို့ ဆုတောင်းပေးလျှက်ပါ။

  27. khaing zar wai
    November 19, 2010 at 11:04 am

    ဖတ်ချင်တဲ့စာအုပ်ဖတ်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်

  28. December 11, 2010 at 4:35 pm

    စိတ် ကူး ကောင်းကောင်း နှင့်  အ ပင် ပန်း ခံ ပြီး အ သိ ပညာ အ လင်း ရောင် အ လေးစားပါတယ် ။ ဆက် ပြီး ယ ခု အ တိုင်း ဆ ထက် တ ပိုး ဝေ မျှ နိုင် ပါ စေ လို့  ဆု တောင်း ပေး ပါ တယ် ။ ကျေး ဇူး ပြု ပြီး အ ခု ဆိုဒ် ကို ဘယ် ပုံ တည် ဆောက် ပြီး မှတ် စု လေး များ ရှိ ရင် မျှ ဝေ ပါ ခင် ဗျာ။

  29. MSY
    December 12, 2010 at 2:25 pm

    ကျေးဇူးပါ စကားဝါမြေ.။ ဆက်ပြီး တည်တံ့တိုးတက်အောင်မြင်ကြီးထွားကျော်ဇောပြီး အများအကျိုးဖြစ်ထွန်း နိုင်ပါစေလို့ ဆုတောင်းပေးသွားပါတယ်။

  30. k
    January 2, 2011 at 5:36 am

    ဒီ site မှာလာဖတ်ပြီး Dl ဆွဲတာနည်းနည်းကြာနေပြီ ကျေးဇူးတင်မိကြောင်းတစ်ခါမှ မပြောဖြစ်သေးဘူး…ကျေှးဇူးပါ..ဆွဲခဲ့သမျှစာအုပ်တွေထဲမှာ ဆရာမောင်သစ်ဆင်း
    စာအုပ်ကိုရခဲ့တာ ကျေးဇူးအတင်ဆုံးရှင့်။ ဆရာ့စာအုပ်တွေရခဲ့ရင်လဲ တင်ပေးပါဦးရှင်။

  31. January 3, 2011 at 10:01 am

    ဟုတ်ကဲ့ပါ…နောက်ထပ်လာအုန်းမယ်နော်…

  32. ကျော်ဝေဖြိုး
    January 3, 2011 at 8:18 pm

    ကျွန်တော်က ကွန်ပြူတာကို အခုမှမိတ်ဆက်နေတုန်းရှိပါသေးတယ်။။။ဆိုဒ်ထဲကိုလည်းမကြာသေးဘူးဝင်ကြည့်မိတာ..အကိုရဲ့ ရည်ရွယ်ချက်နဲ့လုပ်ဆောင်မှု့တွေကို အရမ်းကို အားရတယ်ဗျာ…ကျွန်တော် ကျေးဇူးတင်ပါတယ်တယ်ဆိုတဲ့စကါးလေးနဲ့လုံလောက်မယ်မထင်လို့ မပြောတော့ဘူးဗျာ…အရမ်း(အရမ်း)ကိုလေးစါးပါတယ်ခင်ဗျာ။
    အကိုရဲ့ လုပ်ဆောင်မှုတွေဟာ မြန်မာပြည်သါးများအတွက် အပြုသဘောဆောင်တဲ့လုပ်ရပ်ဖြစ်နေတာရယ်.လူငယ်များအတွက်အတုယူဖွယ်ဖြစ်စေတဲ့အကိုရဲ့ မွန်မြတ်တဲ့ စိတ်ဓါတ်တွေကို လေးစါးအတုယူမိပါတယ်…အကိုတို့တမိသါးစုလုံးကျမ္မာချမ်းသာစေဖို့ မေတ္တာပို့ဆုတောင်းပေးနေပါတယ်…

    • စကားဝါမြေ
      January 3, 2011 at 9:37 pm

      အားပေးမှုတွေ အတွက် ကျေးဇူး ပါခင်ဗျာ…..

  33. mtk
    January 4, 2011 at 8:59 am

    ကျတော် အခု စာအုပ် 200နီးပါး ရပြီးပါပြီ။ ဟဲဟဲ အခုမှ ကျေးဇူးတင်စကားပြောတာ နောက်ကျနေပါတယ်။
    ကိုယ်လိုချင်တာရတုန်း ၊ လိုင်းဆွဲလေးကောင်းတုန်း လုပ်နေရလို့ပါ။
    ကျေးဇူးတင်တယ်ဆိုတာလောက်နဲ့တော့ မလုံလောက်ပါဘူး။
    အားပေးပါတယ်ဗျာ။ ဖျက်လိုဖျက်ဆီးတွေကတော့ ရှိနေမှာပါ။
    အဲလိုလူတွေ အမြဲရှိနေသလို ကောင်းတဲ့လူတွေကလဲ အမြဲပေါ်ပေါက်နေပါတယ်။
    စကားဝါမြေ ဆက်လက် အောင်မြင်ပါစေဗျာ။

  34. January 8, 2011 at 8:24 pm

    လေးစါရပါသေါ.. အကို… ကျွန်တော်က ဘာသာပြန်ဝထ္ထုတွေကို သိပ်ကြိုက်တာ…. မရှာတတ်တာဘဲထင်ပါတယ်.. သိပ်မတွေ့ဘူး မောင်ထွန်းသူ(ဦး)၊စိုးသိဏ်း(ဦး)၊ စါရေးဆရာလေသူရဲတစ်ဦး… စသဖြင့်ပေါ့အရေးသွက်တဲ့ ဆရာတွေရဲ့ဝထ္ထုတွေ… ဘယ်မှာဘယ်လိုရှာရမယ်ဆိုတါကို… အကိုအားတဲ့အခါ(အါးမှနော်)ပြောပြပါလါး။။ ဆရာကြီးရွှေဥဒေါင်းရဲ့စါအုပ်တွေတော့ အများကြီးတွေ့တယ်… မကြိုက်လို့မဖတ်ဖြစ်ဘူး (ပြောတါမှားရင်ခွင့်လွှတ်ပါ) အဲ….ရဲတိုက်၂ကဖတ်မရဘူး ကျွန်တော့မှာမရှိတဲ့ဖေါင့်ထင်တယ်

    လေးစါးစွါဖြင့်…..ဝေဖြိုး

  35. Mlglinn
    January 14, 2011 at 8:41 pm

    စကာဝါမြေကို အရမ်းကျေးဇူးတင်ပါတယ်။..ကျနော်လည်း..စာအုပ်တော်တော်မျာများကိုဒေါင်လိုက်ပါတယ်..အရမ်းကိုကျေးဇူးတင်ပါ….

  36. khinwin Myint
    January 23, 2011 at 8:23 am

    Thank for sharing

  37. phyuwin
    January 29, 2011 at 8:34 am

    အရမ်းကောင်းပါတယ်
    စာပေ၀ါသနာပါတဲ့သူတွေအတွက် ရွှေတွင်းတစ်တွင်းလိုပါပဲ…
    စာအုပ်စာပေ လူ့မိတ်ဆွေဆိုတဲ့အတိုင်း မိတ်ဆွေစစ်မိတ်ဆွေမှန်တွေကို စုစည်းပေးတဲ့အတွက်
    သိပ်ကျေးဇူးတင်ပါတယ်….

  38. THein Than Lin
    February 3, 2011 at 5:47 pm

    I have downloaded some books from your site.
    Thanks you very much.
    May be health and happy.

  39. February 4, 2011 at 10:24 am

    အဖိုးမဖြတ်နိုင်တဲ့ ရတနာသိုက်တွေ့ လို့  ကျေးဇူးအများကြီးတင်ပါတယ်…….

  40. Htay Oung
    February 6, 2011 at 9:38 pm

    အားရပါတယ် ဆက်လုပ်ပေးပါ

  41. ဟန်မင်းထွန်း
    February 8, 2011 at 6:55 am

    ကိုဖြိုးရေ ..

    အင်း သူများတွေပြောသလိုပဲ ကျွန်တော်လဲ ရေငတ်နေတုံး ရေတွင်းထဲ ကျသွားသလိုပဲ .. အငန်းမရသောက်နေပြီးမှ .. ရေတွင်းရှင်ကို သတိရမိတယ်ဗျာ ..
    ကျေးဇူး အထူးတင်ရှိပါတယ်ဗျာ .. .. အဝေးရောက်နေသူတွေအတွက်ကတော့ တကယ့် ရေချိုတွင်းတခုလိုပါပဲဗျာ..
    စိတ်ရဲ့ အဟာရဖြစ်တဲ့ ရသပေါင်းစုံကို တခုပြီးတခုတင်ပေးနေတဲ့ အတွက် အရမ်းကို ၀မ်းသာကြည်နူးမိပါတယ်ဗျာ..
    ကျွန်တော်လဲ စာဖက်ရတာကို အရမ်းနှစ်သက်ခုံမင်တဲ့သူတစ်ယောက်ပါ ..ကျွန်တော် လဲ ကိုဖြိုးလို ဖြစ်ချင်နေတာပါ ..
    ကြိုးစားနေတုန်းပါဗျာ..

  42. ကေအမ်အေ
    February 19, 2011 at 11:01 pm

    ကိုယ်တိုင်လည်းစာပေ၀ါတနာပါ သလို ကိုယ့်လိုဝါတနာရှင်တွေ အတွက်လည်း အဆင်ပြေပြေဖတ်နိင်ဖို့ အပင်ပန်းခံပြီး ဆိုဒ်လေးတစ်ခုဖန်တည်းပေးခဲ့ တဲ့ စေတနာ အတွက် ကျေးဇူးပါ စကားဝါမြေကို ရတနာသိုက် တစ်ခုလို့ တင်စား ကြတာ မှန်လိုက်တာ အဖိုးတန်ရတနာတွေ တူးယူလို့ ကို မကုန်နိင်ဘူး

  43. March 6, 2011 at 6:44 am

    အမှတ်တရ ရှိခြင်းအတွက် ကျေးဇူးတင်ပါတယ်ဗျာ…။ အခုလောလောဆယ်တော့ http://www.myanmargenius.com ရော http://www.mmgenius.com ပါ ပျက်သွားလို့ ပြန်တင်ဖို့ လုပ်နေပါတယ်..။ ဒီ့ထက်မက အများအကျိုးပြုလုပ်ငန်းတွေ ပိုမိုလုပ်ကိုင်နိုင်ပါစေဗျာ…။ 🙂

  1. No trackbacks yet.

Leave a reply to thu yein Cancel reply